ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်

ပိုင်ကျုံ စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးအလုပ်သမားပပျောက်ရေး၏ ရည်မှန်းချက်(၃)ချက်၊ ကလေး အလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမား များ၏ အလုပ်ချိန်ကန့်သတ်ချက်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုဟောပြောပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင် ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)