လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

လှည်းကူး စက်တင်ဘာ ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က သင်တန်းနှင့်ပတ်သက်သည့်အကြောင်း အရာများကိုရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ သင်တန်းသား/ သူများ တက်ရောက်သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ(၁၇)ရက်နေ့မှ စက်တင်ဘာ(၂၈)ရက်နေ့ထိ (၁၂)ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်အဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့သော သင်တန်းနည်းပြဆရာ(၁၅)ဦးက သင်တန်းသား/သင်တန်းသူ(၂၆၂)ဦးကို သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

အေးအေးနွဲ့ ( ပြန် / ဆက်)