ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

ဒေါပုံ စက်တင်ဘာ ၁၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ဒေါပုံမြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ ဆရာ၊ ဆရာမများ၊ အသင်းအဖွဲ့များမှ Volunteer များ တက်ရောက်သင်ယူမည်ဖြစ်ရာ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၈၄)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။ ဒေါပုံမြို့နယ်တွင် ရပ်ကွက် ၁၄ ရပ်ကွက်ရှိပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ၁၅ ရက်နေ့အထိ အိမ်တိုင်ရာရောက် ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)