ရေဘေးသင့်ပြည်သူများအတွက် လူမှုကရုဏာအကူအညီပေးရာတွင် အသုံးပြုရန် အလှူငွေ‌ပေးအပ်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၁၇

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူမှုကရုဏာအကူအညီများပေးရာတွင်အသုံးပြုရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် မိခင်ကြီးဒေါ်ထွေးထွေးအားအမှူးထား၍ Best Century Travel & Tour မိသားစုမှ ငွေကျပ်သိန်း(၅၀) ၅,၀၀၀,၀၀၀/- ကျပ် King Construction Group မှ ငွေကျပ်(၁၀)သိန်း ၁,၀၀၀,၀၀၀/- ကျပ်နှင့် ငွေကျပ် ၈၉၇,၄၀၀/-ကျပ် တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ကိတ်မုန့်၊ ငါးသေတ္တာများကို ပေးအပ်လှူဒါန်းရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)