ချမ်းအေးသာစံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်

ချမ်းအေးသာစံ စက်တင်ဘာ ၁၇

၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များလုပ်ငန်းကျွမ်းကျင်မှုရှိရေး သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီမှ ယနေ့နံနက် (၉)နာရီက မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကော်များ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံမင်းသွင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်များ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်အနေဖြင့် ရပ်ကွက် (၂၀)၊ စာရင်းကောက်ကွက် (၂၅၆)ကွက်ရှိကာ ယနေ့သင်တန်းသို့ စာရင်းစစ် (၂၃)ဦး၊ စာရင်းကောက် (၁၀၆)ဦးတို့ တက်ရောက်လျက်ရှိကာ စက်တင်ဘာလ (၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်