ညောင်ဦး စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပျက် အရုဏ်ဆွမ်းလောင်းလှူခြင်းကို တော်သလင်းလပြည့် ယနေ့နံနက် ၇ နာရီအချိန်က အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်ကာ ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ပုံးရည်ကြီးကြက်ဥချက်၊ ငါးခြောက်ငရုတ်သီးကြော်၊ ပဲသီးသုပ်၊ သွားတိုက်တံများအား ဇေယျဝတီစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့နံနက်တိုင်း အစဉ်လာမပျက် အရုဏ်ဆွမ်းလောင်းလှူခဲ့ရာ ယနေ့တော်သလင်းလပြည့်နေ့တွင်လည်း အရုဏ်ဆွမ်း (၃၉)ကြိမ်မြောက် လောင်းလှူခဲ့ပြီဖြစ်ကြောင်း သံဃာအပါး(၈၀)တို့အား ပုံမှန်လောင်းလှူခဲ့ပြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ဒီပါလင်း