ဆီဆိုင်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ ကျင်းပ

ဆီဆိုင် စက်တင်ဘာ ၁

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိခန်းမ၌ မန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူ‌နိုင်ရေး သင်တန်းတွင် နည်းပြများမှ သန်းခေါင်စာရင်း အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းများ၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များကို မိမိတို၏အတွေ့အကြုံများနှင့် ပေါင်းစပ်၍ မြေပြင်အခြေအနေများနှင့် ကိုက်ညီမှုရှိအောင် အပြန်အလှန်ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ မြေပြင်ကွင်းဆင်းပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့်အခါ သန်းခေါင်စာရင်းမေးခွန်း အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာကောက်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းကို နည်းပြဆရာ/ဆရာမ()ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ (၈၅)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို ယာယီစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှုးကြီး ကျော်သူရ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နယ်မြေခံတပ်နယ်မှ အရာရှိများ၊  သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ ဆရာဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)