ရေဖြူ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဖြူဖြူရှိန်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေဖြူမြို့နယ်ရုံး ဒုတိယဦးစီးမှူးဒေါ်ဟေမာဝင်းက ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ အ-ထ-က ရေဖြူ Grade(10)ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ထက်သူရက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မဖြိုးသန္တာကြွယ်က လူငယ်နှင့်ကျန်းမာရေး၊ မသော်တာထက်စံက လူငယ်နှင့်ကိုယ်ကျင့် တရား စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာဦးဆောင်ဆွေးနွေးသူများက ဖြေကြားပေးခဲ့သည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပါဝင်ဆွေးနွေးပေးသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ