ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေး

ပုသိမ်ကြီး စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ပံသုကျီခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျောင်းသား ကျောင်းသူများအား  စာပေဗဟုသုတအပြင် အခြားအသိပညာများ ရရှိစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြောစသည့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တက်ရောက်လာသည့် အ-ထ-က ပုသိမ်ကြီး Grade- 6 ကျောင်းသား ကျောင်းသူများအား စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်၊ စိတ်ကြိုက်ပန်းချီ၊ ဆေးရောင်ခြယ်စသည့် ပြိုင်ပွဲများအပြင်၊ စာအုပ်စာစောင်ပြပွဲ၊ စာဖတ်ဝိုင်းစသည့်တို့ကို ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ အ-ထ-က ပုသိမ်ကြီး အလယ်တန်းပြ ဆရာမ ဒေါ်ခင်ခင်ဝင်း နှင့် Grade -6 ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ယနေ့ကျင်းပခဲ့သော ပြိုင်ပွဲများမှာ နံရံကပ်စာစောင်ပြပွဲ၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ စာဖတ်ဝိုင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်