ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဗန်းမော် စက်တင်ဘာ   ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ဇော်လတ်က “၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်သည် “အားကစားအတွက် အမြဲကူညီ၊ ရှေးဦးပြုစုခြင်း အသင့်ရှိသည်” ဖြစ်ပါကြောင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ကြက်ခြေနီအခြေခံမူ (၇) ချက်ပါအတိုင်း ခွဲခြားခြင်းမရှိခြင်းမူကို အစဉ်စောင့်ထိန်းပြီး၊ ပြည်သူလူထုနှင့်အတူ ရှေးဦးပြုစုခြင်းပညာရပ်များဖြင့် နိုင်ငံအကျိုးပြု ပြည်သူအကျိုးပြု ကရုဏာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး စွမ်းစွမ်းတမံအကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္က ပါမောက္ခ ဒေါက်တာမျိုးညွန့်ထံမှ ပေးပို့သော သဝဏ်လွှာအား ဗန်းမော်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္က ဦးစိုးစိုးမောင်က ဖတ်ကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းနည်းများကို သရုပ်ဖော်ပြသခြင်းနှင့် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က ဗန်းမော်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အလှူငွေများ ပေးအပ်ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)