မြင်းခြံမြို့ အ.ထ.က(၁) ‌ကျောင်း၌ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲပြုလုပ်

မြင်းခြံ စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲ အကြောင်းအရာများ၊ ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာများအကြောင်း၊ မဲပေးရာတွင် မဲပေးနိုင်သည့် အကြောင်းအရာအများကို အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)