အလုံမြို့နယ် အမှတ် (၄) မူလတန်းကြိုကျောင်း၌ ၂၀၂၃-၂၄ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ညာဏစွမ်းရည်ပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကျင်းပ

အလုံ စက်တင်ဘာ ၁၃

အလုံမြို့နယ် အမှတ် (၄) မူလတန်းကြိုကျောင်း၏ ၂၀၂၃-၂၄ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ညာဏစွမ်းရည်ပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ပြီးနောက်  မူကြိုသမီးငယ်လေးများမှ ဗမာမလေးသီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊  ၂၀၂၃-၂၄ မိဘဆရာအသင်း နှစ်ပတ်လည်အစီရင်ခံစာဖတ်ကြားခြင်း ၂၀၂၄-၂၀၂၅ မိဘဆရာအသင်းအမှုဆောင်အသစ် စာရင်းဖတ်ကြားကြေငြာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ရင်သွေးငယ်လေးများ ကဗျာများ၊ ပုံပြင်များဖြင့်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကလေးများအား တာဝန်ရှိသူများက ဆုချီးမြှင့်​ခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းတိုင်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဦးအောင်စိုးနှင့် အလုံမူကြို () ကျောင်းတာဝန်ခံ ဆရာမဒေါ်ကြည်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ကလေးငယ်များ၏မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)