သံတောင်ကြီးမြို့နယ်ဖယ်ဘိုးအထက်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေးပေး

သံတောင်ကြီး  စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် နာရီအချိန်က ဖယ်ဘိုးအထက်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်ဦးမွန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများဆင်းရဲမှု လျှော့ချစေရန်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြင့်ကြောင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဖယ်ဘိုးအထက်ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ ၃၀ ဦးရန်ပုံငွေကျပ်သိန်း ၃၀၀ ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်ဦးမွန်နှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ