သာစည် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း နေရာအချို့၌ ရေကျော်မှုနှင့်လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများ အန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ရေကျော်မှုများဖြစ်ပွားရာတွင် မိုင်တိုင်(၂၁/၀-၂၁/၃)အထိ(၃)ဖာလုံခန့်၊ မိုင်တိုင်(၂၂/၆-၂၂/၇) အတွင်း (၁)ဖာလုံ ခန့်၊မိုင်တိုင်(၄၅/၄-၄၅/၇)အတွင်း(၂)ဖာလုံခန့်တို့တွင် ရေအမြင့်(၂)ပေခန့်လမ်းပေါ် ရေကျော်လျက်ရှိပြီး မိုင်တိုင် (၄၃/၆-၄၃/၇)အတွင်း (၁)ဖာလုံခန့်တွင် ရေအမြင့်(၄)ပေခန့် လမ်းပေါ် ရေကျော်လျက်ရှိကြောင်း သိရသည်။
မိုင်တိုင်(၂၈/၄-၂၈/၅)အတွင်း (ယာဘက်)အလျား(၂)ပေ အကျယ်(၃)ပေခန့်၊ မိုင်တိုင်(၄၀/၀-၄၀/၃)အတွင်း(ဝဲဘက်) အလျား(၂.၅)ဖာလုံ အကျယ်(၅)ပေခန့်၊ မိုင်တိုင်(၄၅/၇၄၆/၀)အတွင်း(ဝဲဘက်)အလျား(၁၅၀)ပေ အကျယ်(၅)ပေခန့်၊ မိုင်တိုင်(၄၆/၁-၄၆/၃)အတွင်း (ဝဲဘက်) အလျား(၂)ဖာလုံခန့် အကျယ်(၆)ပေခန့်နှင့် မိုင်တိုင်(၄၇/၂-၄၇/၃)အတွင်း (ဝဲဘက်)အလျား(၃၀၀)ပေခန့်အကျယ်(၁၄)ပေခန့်တို့ ကတ္တရာလမ်းသားများ ပဲ့ကျလျက်ရှိကြောင်း သိရသည်။ မိုင်တိုင်(၄၂/၂-၄၂/၃)အတွင်း(၂၅)ပေခန့်နှင့် မိုင်တိုင်(၄၇/၄-၄၇/၅)အတွင်း(၃၀)ပေခန့် တောင်ပြို မြေများအား ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ပျော်ဘွယ်-ဘုရားငါးဆူလမ်းတွင် လမ်းပိုင်းရေကျော်မှုနှင့်လမ်းသားပဲ့ကျမှုများ ဖြစ်ပွားခဲ့ရာ မိုင်တိုင်(၁၀/၀- ၁၀/၃)အတွင်း(၃)ဖာလုံခန့်တွင် ရေအမြင်(၂)ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင်(၁၁/၅-၁၁/၆)အတွင်း(၁)ဖာလုံခန့်တွင် ရေအမြင့်(၉)လက်မခန့် လမ်းပေါ်ရေကျော်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)