ဘုတ်ပြင်း စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆရာဒကာဘုန်းကြီးကျောင်းများရှိ ဝါတွင်းကာလများ၌ သီတင်းသီလဆောက်တည်မည့် ဆရာတော်/သံဃာ တော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့် တရားဘာဝနာပွားများနိုင်စေရန် ပစ္စည်း(၄)ပါး၊ ပြည်စုံစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများအား အဖွဲ့များခွဲ၍ လှူဒါန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဘုတ်ပြင်းမြို့ ကမာချောင်ကျေးရွာအုပ်စု အေးချမ်းမြိုင်(၁)ကျေးရွာ ဆုထူးပန်တပ်ဦးကျောင်းနှင့် အေးချမ်းမြိုင်(၂) ကျေးရွာ အောင်သုခကျောင်းများသို့ သွားရောက်စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှကြိုင်နှင့် ဌာနဆိုင်ရာများက ဆုထူးပန်တပ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တဣဿရိယထံမှ ငါးပါးသီလ ဆောက် တည်ကြ၍ လှူဖွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြာင်း သိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် ဆရာဒကာဘုန်းတော်ကြီးကျောင်းများသို့ ဆန်(၂၄)ပြည်အိတ် (၃)အိတ်၊ ဆန်(၁၀) ပြည်အိတ်(၃) အိတ်၊ ဆီ (၅၀) ကျပ်သားဘူး (၂၂)ဘူး၊ ကုလားပဲ(၅)ပိဿာ၊ ဆား (၂)ပိဿာ၊ သွားတိုက်ဆေး(၃)ဘူး၊ သွားတိုက်တံ(၃)ချောင်း၊ ဆပ်ပြာရည်ဘူး(၁)ဘူးနှင့် အထုပ် (၁)ထုပ်၊ ဆပ်ပြာမွေး(၃)တုံး၊ လှူဖွယ်ဝတ္ထုငွေ (၉)သောင်းကျပ်တို့ကို စုပေါင်းလှူးဒါန်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)