တောင်ကြီး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် မျောက်ကျောက်ရောဂါကာကွယ်ရေး နှိုးဆော်ချက်နှင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မျောက်ကျောက်ရောဂါကာကွယ်ရေးနှင့် မိုးရာသီကာလတွင် ဖြစ်ပွားမှု များပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းဝင်းခိုင်နှင့် အဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး၊ မြို့နယ်အမျိုးသမီးရေးရာနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူပေါင်းအဖွဲ့သည် မြို့မဈေးသွားအတွင်း သွားလာနေကြသော ပြည်သူများအား မျောက်ကျောက်ရောဂါကာကွယ်ရေးနှင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)