မိုင်းရယ် စက်တင်ဘာ ၁၀
ရှမ်းပြည်နည်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဦးရေနှင်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး ကော်မတီဝင်များသည် မြို့နယ်အတွင်း သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ မြို့နယ် လဝက ဦးစီးမှူး ဦးစိုးနိုင်က သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လိုအပ်သည့်သင်တန်းများကို တာဝန်ရှိသူများအား စက်တင်ဘာ ဒုတိယအပတ်မှစ၍ တန့်ယန်းမြို့၌ (၁၀) ရက်တာ တက်ရောက် သင်ကြားစေမည်ဖြစ်ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)