ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များဖွင့်လှစ်သင်ကြား

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်း(/၂၀၂၄)ကိုဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကိုတစ်လကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှသိရသည်။
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(/၂၀၂၄)ကို  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦးမိုးမင်းအောင်ဦးဆောင်၍ သင်တန်းနည်းပြဆရာ()ဦးတို့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ကို အခြေခံမီးသတ်ပညာရပ်များနှင့်ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို တစ်လကြာလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ် ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်()ဦးအေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးက တူညီဝတ်စုံများကို အရန်တပ်ဖွဲ့ဝင်များကိုယ်စား အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးမြဟန်ထံသို့ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)