သရက်ချောင်း စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးသန်ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယနေ့နံနက်၉နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အခြေခံပညာကျောက်မြောင်းအမှတ်(၁)ကျောင်း၊ အမှတ်(၂)ကျောင်းနှင့် ပန်းတောမူလွန်ကျောင်းများ၌ ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင်ဦးဆောင်၍ ဆရာ/ဆရာမများက အခြေခံ ပညာကျောက်မြောင်းအမှတ်(၁)ကျောင်း၊ အမှတ်(၂)ကျောင်းနှင့် ပန်းတောမူလွန်ကျောင်းများသို့ သွားရောက်ကာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအားဆင်ခြေထောက်ရောဂါ ကင်းဝေးရေးသန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)