မန္တလေး စက်တင်ဘာ ၉
မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန၊ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဒေါနဘွားရပ်ကွက်၊ အကွက်(၅၄)၊ ၁၄ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ အမှတ်(၁၇) အခြေခံ ပညာအထက်တန်းကျောင်းရှိ ကွန်းခိုရာခန်းမဆောင်၌ ကျင်းပပြုလုပ်ရာကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းနှင့် ဆရာ/ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီ၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်မီး သတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မျိုးထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ် စန်းစန်းအေး၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူငယ်ရေးရာအကြောင်းကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မျိုးထက်က မီးဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောကြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနား မစတင်မီနှင့်အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစာင်မျာနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ဝင်တစားလေ့လာကြည့်ရှုကြသည်။
ဆက်လက်၍ မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များအား ဝေငှပေးကြပြီး ကျောင်းအားကစားကွင်းတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မျိုးထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်နည်းကို သရုပ်ပြသပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)