သံတောင်ကြီး စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုအဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊ ဖာလာ၊ ကော်ဖီ၊ ဒညင်းစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြသည်။
အဆိုပါ ငရုတ်ပင်များသည် နွေ၊ မိုး၊ ဆောင်းရာသီမရွေး ဖူးပွင့်ကာ အသီးသီးလျက်ရှိသည်။ တောင်ယာ ငရုတ်သီးများသည် ယခုဩဂုတ်လ ဒုတိယပတ်မှစ၍ အသီးများ ရင့်မှည့်ကာ ခူးဆွတ်ရောင်းချလျက်ရှိပြီး ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)မှ ကျပ် (၁၅၀၀၀) အထိ ရရှိကြောင်း သိရသည်။ တောင်ယာငရုတ်သီးများကို မြို့ပေါ်တွင်သာ ရောင်းချကြပြီး ဈေးကောင်းရရှိသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
နော်လော်မူ