ပြင်ဦးလွင် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၄- ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကာ ပြန်လည်ရောက်ရှိလာသည့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ဂုဏ်ဆောင်ပြိုင်ပွဲဝင်ဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စုပေါင်း၍ ဂုဏ်ပြုကြိုဆိုကြသည်။
၂၀၂၄ ခုနှစ်အတွင်း ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးအဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ မဟာဂီတ (အဆိုပြိုင်ပွဲ) အမျိုးသမီးအခြေခံပညာ (အသက်၁၅-၂၀)အဆင့်၊ ခေတ်ဟောင်းကာလပေါ် (အဆိုပြိုင်ပွဲ) အမျိုးသားဝါသနာရှင် (ပထမတန်း)၊ ခေတ်ဟောင်းကာလပေါ် (အဆိုပြိုင်ပွဲ)၊ အမျိုးသမီးဝါသနာရှင် (ဒုတိယတန်း)၊ အခြေခံ ပညာ (အသက်၁၅ -၂၀)အဆင့်နှင့် အခြေခံပညာ (အသက်၁၀-၁၅)အဆင့်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်း (အဆိုပြိုင်ပွဲ) အမျိုးသားဝါသနာရှင် (ဒုတိယတန်း)နှင့် အမျိုးသမီးဝါသနာရှင် (ဒုတိယတန်း)၊ အမျိုးသား(အကပြိုင်ပွဲ) အခြေခံပညာ(အသက်၁၅-၂၀) အဆင့်၊ အမျိုးသမီး(အကပြိုင်ပွဲ) အခြေခံပညာ(အသက်၁၅-၂၀) အဆင့်၊ အမျိုးသမီးအခြေခံကဗျာလွတ် အကပြိုင်ပွဲအခြေခံပညာ (အသက်၁၀-၁၅ )အဆင့်၊ ကျေးလက်ရိုးရာ/တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအလွတ်တန်းနှင့်အရေးပြိုင်ပွဲ ဝါသနာရှင်(ဒုတိယတန်း)တို့တွင် ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင်များနှင့်ကျောင်းသား၊ ကျောင်းသူလေးများကို တာဝန်ရှိသူများနှင့် မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပန်းကုံးစွပ်အောင်သပြေကမ်း၍ သောင်းသောင်းဖြဖြ စုပေါင်းဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်နှင့် တာဝန်ရှိသူများက ခရိုင်ဂုဏ်ဆောင် ဆုရပြိုင်ပွဲဝင် ဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)