ရှမ်းရွာသစ် စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက မျောက်ကျောက်ရောဂါ စတင်တွေ့ရှိခဲ့ပုံ၊ မျောက်ကျောက်ရောဂါ လက္ခဏာများ၊ ရေ ကျောက်နှင့် မျောက်ကျောက်ရောဂါတို့၏တူညီသော လက္ခဏာများ၊ ရောဂါကူးစက်ခံရနိုင်ဖွယ် လူပုဂ္ဂိုလ်များ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိသတိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့် ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)