ဘုတ်ပြင်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ဘုတ်ပြင်း   စက်တင်ဘာ    ၉

၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့က ဦးဆောင်၍ ယမန်နေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ဝင်းနိုင်၊ ဘုတ်ပြင်းမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်သန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မြဇော်နှင့်  အရာရှိများ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၄၀)ဦးခန့်က ကျောင်းဝင်းအတွင်း အမှိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ ရေးစီးမြောင်းများ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)