ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ဂုံမြောက် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဆရာများ၏ ဂုဏ်ကျေးဇူးကိုသိတတ်နားလည်သောအားဖြင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုး ထားလာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၂)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၃)ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၆)ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင်(၁၃)ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများသည် ခရိုင်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရှိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)