နမ့်စန်(တ) စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းသားကျောင်းသူများ စာစီစာကုံးနှင့်ကဗျာ ဖြေဆိုယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူးဦးမြင့်လွင်နှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်(စာစီစာကုံး၊ ကဗျာ)ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ(၁၂)ဦးနှင့် အလယ်တန်းအဆင့်(စာစီစာကုံး၊ကဗျာ)ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ(၁၈)ဦး စုစုပေါင်း(၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရအောင်(နမ့်စန်)