ဘုတ်ပြင်း စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အ.မ.က-၂၂၄ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အမက-၂၂၄ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းကြူက အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင်အားလပ်ချိန်တွင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရေးအတွက် ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်မှ မိမိတို့ စိတ်ကြိုက်ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုခြင်းတို့ကို ကျင်းပရာ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)