တာလေမြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တာလေ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အခြေခံစက်ချုပ်နည်းပညာဆင်းပွဲအခမ်းအနားကို နား‌ယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်မှူး ဦးကျော်ခိုင်ဦးမှ သင်တန်းနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသင်တန်းကို ပထမအကြိမ် ရက်(၃၀)ဖွင့်လစ်‌ခဲ့ပြီး ဒုတိယအကြိမ်းမွမ်းမံသင်တန်းကို (၁၅)ဖွင့်လှစ်ခဲ့၍ စုစုပေါင်း(၄၅)ရက်ကြာ ဖွင့်လစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်းသင်တန်းသူ(၁၂) ဦးတက်ရောက်ခဲ့ရာ ထူးချွန်သင်တန်းသူ(၅)ဦးကို ရွေးချယ်၍ ကျပ်(၁,၄၀၀,၀၀၀)သိန်းတန်ဖိုးရှိသည့် အပ်ချုပ်စက်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)