ပင်းတယ စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာအေးကျော်ရေးသားသည့် “ပတ်ဝန်းကျင်နှင့်ကျန်းမာရေး”စာအုပ်မှ “ကျန်းမာခြင်းနှင့်ညီညွတ်သောရေ” ဟူသောခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်သူဇာက အဆိုပါစာအုပ်မှ “အမှိုက်သရိုက်နှင့် အညစ်အကြေးများစွန့်ပစ်ခြင်း” ဟူသောခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးအောင်ကိုဦးက “ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကမ္ဘာကြီးပူနွေးလာမှု”ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)