မှော်ဘီ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက မှော်ဘီမြို့နယ်ထောက်ကြန့်မြို့ရှောင်လမ်း(YBS) ယာဉ်မောင်းသင်တန်းခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မှော်ဘီတပ်ဖွဲ့စုမှူးဒုရဲမှူးဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့်ပတ်သက်၍ လိုက်နာရန်နှင့်ရှောင်ကြဉ်ရန်အချက်အလက်များကိုပြောကြားရာတွင် ယာဉ်မောင်းသူများအနေဖြင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီးအရှိန်ပြင်းစွာမောင်းနှင်ကျော်တက်ခြင်း၊ ဖုန်းပြော၍မောင်းနှင်ခြင်းများပြုလုပ်ကြရန်နှင့် မြို့တွင်းမောင်းနှင်ခြင်း(၄၈)ကီလိုမီတာ၊ မြို့ပြင်တစ်နာရီ(၈၀)မိုင်နှုန်းဖြင့်သာ မောင်းနှင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မှော်ဘီမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူးဒုရဲမှူးဝင်းအောင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်(၃)ဦး၊ မှော်ဘီမြို့နယ်(YBS)ယာဉ်မောင်းနှင်သူ(၈၅)ဦးတို့နှင့် ဖိတ်ကြားထားသောတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)