မိုင်းဆတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အ.မ.က(ဝိန်းဝိုင်)ကျောင်းမှ Clean and Green School အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက အ.မ.က(ဝိန်းဝိုင်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသော ကျောင်းမှ သန့်ရှင်းသောကျေးရွာ၊ သန့်ရှင်းသောမြို့ဖြစ်အောင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး အ.မ.က(ဝိန်းဝိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေနီအောင်က Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ၊ အဖွဲ့များဖွဲ့စည်း၍ တာဝန်ခွဲဝေဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)