ရွှေပြည်သာမြို့နယ်၌ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်

ရွှေပြည်သာ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်များအားပြည်သူများအသုံးပြုမှုများပြားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးနိုင်က စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းအား ခရိုင်အတွင်းရှိမြို့နယ်ဦးစီးမှူးများက ၄ ရက်နေ့မှ ၆ ရက်နေ့ထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာများရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်များမှ စာကြည့်တိုက်မှူးများ(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)