ရွှေပြည်သာ စက်တင်ဘာ ၄
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ဆက်စပ်၍ ကျောင်းသား/သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးမိုးက စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာအမူအကျင့်ကောင်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပြီး လက်ထောက်ကြီးကြပ်ရေးမှူး ဦးစောလှမင်းက ကျောင်းသား/သူများနှင့် အမှိုက်အစို/အခြောက်ခွဲခြားခြင်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လက်ထောက်ကြီးကြပ်ရေးမှူး ဦးခင်မောင်လေးက ကျောင်းသား/သူများနှင့် အသိပညာပေးကဗျာများ ရွတ်ဆိုကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ခံများ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)