မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုးချဲ့စိုက်ပျိုးမည့် နေကြာသီးနှံ၊ ဝါသီးနှံမျိုးစေ့များနှင့် ကော်ဖီပျိုးပင်များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

မန္တလေး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုးချဲ့စိုက်ပျိုးမည့် နေကြာသီးနှံ၊ ဝါသီးနှံမျိုးစေ့များနှင့် ကော်ဖီပျိုးပင်များအား တောင်သူများထံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများ၊ တာဝန်ရှိသူများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ပြည်ပမှတင်သွင်းသော ဆီ နှင့် ဆီထွက်ပစ္စည်းများ အစားထိုးရန်အတွက် ပြည်တွင်းဆီထွက်သီးနှံများ၏ ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်စေရန် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ဧကများအတွက် နေကြာမျိုးစေ့များ၊ ပြည်တွင်းအထည်အလိပ်စက်ရုံများအတွက် လိုအပ်သည့်အရေအတွက်နှင့် အရည်အသွေးမြင့်ဝါမျိုးများ ရရှိစေရန် စိုက်ပျိုးမည့်ဧကများအတွက် ဝါမျိုးစေ့များ၊ နိုင်ငံတော်၏စီမံကိန်းသီးနှံကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီစိုက်ပျိုး/ ထုတ်လုပ်တောင်သူ/ လုပ်ငန်းရှင်များအတွက် ကော်ဖီပျိုးပင်များကို ထောက်ပံ့ပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုလို အရည်အသွေးကောင်း၊ အထွက်ကောင်းမျိုးစေ့များ၊ ပျိုးပင်များ ထောက်ပံ့ပေးခြင်းသည် တောင်သူများ၏ သီးနှံအထွက်နှုန်းတိုးရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို အဓိကရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်ပါက အထွက်နှုန်းများ ပိုမိုတိုးတက်လာပြီး ဒေသတွင်းစားရေရိက္ခာဖူလုံမှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်တောင်သူ/ လုပ်ငန်းရှင်များ၊ ကဏ္ဍအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းထိန်က နေကြာသီးနှံနှင့် ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တိုင်းဒေသကြီးအတွင်း တိုးချဲ့စိုက်ပျိုးဧကများအတွက် တောင်သူများထံ သီးနှံမျိုးစေ့များနှင့် ကော်ဖီပင်များ ပေးအပ်ရာ ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးလယ်မြေ တစ်သီးစိုက်ဧကပေါ်တွင် ဆောင်းနေကြာသီးနှံတိုးချဲ့စိုက်ပျိုးဧက ၁၁၀၀ ဧက၊ ၂၀၂၄-၂၀၂၅ ခုနှစ် ဝါသီးနှံတိုးချဲ့စိုက်ပျိုးဧက  ၃၁၅၀၀ ဧက တို့အတွက် နေကြာမျိုးစေ့များ နှင့် ဝါမျိုးစေ့များကိုလည်းကောင်း၊ ကော်ဖီစိုက်ပျိုးတောင်သူများထံ ကော်ဖီပျိုးပင် ၂၇၀၀၀ ပင်ကိုလည်းကောင်း ပေးအပ်ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် နေကြာ သီးနှံမျိုးစေ့၊ ဝါသီးနှံမျိုးစေ့ နှင့် ကော်ဖီပင်များ ပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်