အမရပူရမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြော

အမရပူရ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ မဟာဂန္ဓာရုံ အမှတ် (၁) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းအား အမရပူရမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးထွန်းနေနွယ် ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သန္ဓေတပ်ဖွဲ့ဝင် (၅) ဦးဖြင့် ဆောင်ရွက်ခဲ့ရာ ဒုဦးစီးမှူး ဦးထွန်းနေနွယ်မှ မီးလောင်မှု၏ အခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းအဆင့်ဆင့်၊ ကနဦးမီးငြှိမ်းသတ်ခြင်းနည်းလမ်းများ၊ မီးခိုးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးအသုံးပြု၍ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ မီးငြှိမ်းသတ်ခြင်းအား ဆောင်ရွက်ခဲ့သည်။

မီးဘေးလုံခြုံရေး အသိပညာဟော​​ပြောပွဲသို့ ကျောင်းသား / ကျောင်းသူ အင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)