တံတားဦး စက်တင်ဘာ ၃
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်း စအရွယ်မှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီကစတင်၍ သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးရာတွင် မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီးစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးပါးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ရိုတာကာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(၉)မျိုးကိုထိုးနှံပေးကြပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း၊ တိုက်ကျွေးပေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ကြပြီး ရပ်ကွက်၊ ကျေးရွာစုရပ်များတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် အသိပညာပေးခြင်းများတို့ကို လစဉ်လဆန်း(၁)ရက်နေ့မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)