စမ်းချောင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အခြေခံပညာအဆင့်)အတီးပြိုင်ပွဲကျင်းပ

စမ်းချောင်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)အတီးပြိုင်ပွဲကို စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာယဥ်မှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(အခြေခံညာအဆင့်)အတီးပြိုင်ပွဲသို့   အသက်(၁၀-၁၅)နှင့် (၁၅-၂၀)အတွင်း  ကျောင်းသား ၊ ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို စက်တင်ဘာလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 အဆိုပါ အတီးပြိုင်ပွဲသို့ တိုင်း‌ဒေသကြီးအစိုးရ၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာ၀န်ရှိသူများ တက်ရောက်အားပေးအားပေးခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)