ဒဂုံ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအဆင့် သီချင်းရေးစပ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသီချင်းရေး ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်နေ့တွင် ကျင်းပပြီး စက်တင်ဘာ ၃ ရက်နေ့တွင်လည်း ရေးစပ်ပြီးသောသီချင်းများကို သံစဉ်များထည့်၍ ထပ်မံယှဉ်ပြိုင်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။ အဆိုပါယှဉ်ပြိုင်မှုကို ရန်ကုန်တိုင်းအတွင်း (၁၄) ခရိုင်မှ ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခြေခံပညာအဆင့်သီချင်းရေးစပ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးအစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)