ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ကျားခေါင်းခန်းမ မိုးတွင်းကာလ သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး စက်တင်ဘာ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည်   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တောင်ကြီးမြို့ရှိ  ရှမ်းပြည်နယ်လွှတ်တော်ရုံး ကျားခေါင်းခန်းမနှင့် ပတ်ဝန်းကျင်၌ သန့်ရှင်းသပ်ရပ်စနစ်တကျရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကျားခေါင်းခန်းမရှိ ပရိဘောဂပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိအသုံးပြုရေး၊ ရုံးစာရွက်စာတမ်းများ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ မိုးရာသီကာလ ရေစိမ့်ကျသည့်နေရာများအား ပြုပြင်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့အပြင် လွှတ်တော်ရုံးအပြင်ဘက်၊ ကျားခေါင်းခန်းမပတ်ဝန်းကျင်နှင့် တည်းခိုရိပ်သာအနီးတွင် သန့်ရှင်းသာယာရေး၊ ချုံ၊ နွယ်မြက်များ ရှင်းလင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး၊ ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)