ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ကော်မတီနှင့် တိုင်းသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပ

မန္တလေး သြဂုတ် ၃၀

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ကော်မတီနှင့် တိုင်းသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် တိုင်းဒေသကြီးအစိုးရရုံး၊ သုံးထပ်ဆောင်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ကော်မတီနှင့် တိုင်းသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးသက်လှိုင်ထွန်းက ရှေးဦးအရွယ်ကလေးသူငယ်​ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်ပြီး ကော်မတီ(၂)ရပ်တွင် ပါဝင်သည့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက်များ အတည်ပြုကြကြောင်းနှင့် လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။

​ခရိုင်(ပြန်ဆက်)