ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အသက် (၁၄) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal - D CUP 2024 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံတောင် ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U – 14 Boys Royal – D CUP 2024 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၅) ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလွင်ထွန်း က အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ဘောလုံးပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အမှာစကားနှင့် အားကစားသမားများအနေဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရန်နှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန်‌ ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းအတွင်းသို့ ဘောလုံးများကန်သွင်းကြပြီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်‌ပေးသည်။

အဆိုပါ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက်U-14 Boys Royal - D CUP 2024 ဘောလုံးပြိုင်ပွဲတွင် အသင်း (၁၆) သင်း ရှုံးထွက် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယ၊ တတိယဆု၊ အသန့်ရှင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

နေမျိုးအောင်