မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ကျေးလက်လမ်းများ ပိုမိုကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊  ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းဝါ မြို့နယ်တာဝန်ခံနှင့် တာဝန်ခံ QC အဖွဲ့ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ (၁၉၈.၁) သန်းဖြင့် Early Bright White Gems ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည်-ငှက္ကတောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၅.၄)မိုင်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေ (၂၀၂.၅၅) သန်းဖြင့် လူထုရှေ့ဆောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ကျောက်ဆည်-တံတားဦးလမ်းမှ ငါးလုံးကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း (၀/၄) မိုင်လုပ်ငန်းများအား လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ Quality Control စမ်းသပ်စစ်ဆေးနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများအား အရည်အသွေး စံချိန်စံညွှန်း ပြည့်မှီစွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)