စဉ့်ကိုင် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားထားသည့် “လူငယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယကဦးသန်းအောင်က အဆိုပါစာအုပ်မှ “လူငယ်တွေကို လမ်းဖွင့်ပေးပါ” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club) ဥက္ကဋ္ဌ ဦးသန်းဝင်းက “လူငယ်များနဲ့ အမေ့အိမ်အပြန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒု-ဥက္ကဋ္ဌ ဦးအေးကိုကို (ဝင်းမောင်မောင်) (ပန်းလောင်လွင်ပြင်)က “စကတည်းက ငွေနောက်မလိုက်ပါနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း မိမိတို့၏အတွေးအမြင်ရသများအား အသီးသီးပါ၀င် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)