ပုဗ္ဗသီရိ ဩဂုတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဖိတ်ခေါ်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)၊ ကာတွန်းဆရာအိမောင်၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာနွေဦးကိုကိုနှင့် စာရေးဆရာမချယ်ချယ်(YU)တို့က ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား တက်ရောက်လာသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)