လွိုင်လင် ဩဂုတ် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ပါသည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသား/သူ (၃၀) ဦးတို့က အဖွဲ့ (၅) ဖွဲ့ ခွဲ၍ ယှဉ်ပြိုင်ကာ ကျရာမေးခွန်းများအပေါ် ကျောင်းသား/သူများ မိမိတို့ ဖတ်မှတ်လေ့လာထားသမျှကို ဖြေဆိုကြသည်။ ယင်းနောက် ဂုဏ်ပြုဆုများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် ဦးစီးအရာရှိတို့က အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုကြသည်။ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပေးရခြင်းမှာ ဉာဏ်ရည်မြင့်မားပြီး စာဖတ်အားကောင်းမွန်ကာ အတွေ့အကြုံ ဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
လွိုင်လင်မိုး