ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကျင်းပ

ရန်ကင်း ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့နံနက် ၈ နာရီ၌ ကျင်းပခဲ့သည်။

ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက အဖွင့်မှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်လှလှထွေးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ထို့နောက် Moderator များအဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးနှင့် အထက်တန်းပြဆရာမဒေါ်ခင်စန်းရီတို့ကဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၇)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်ပုံနှိပ်မီဒီယာ၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်အားကစားကျန်းမာရေး၊ လူငယ်နှင့်နည်းပညာအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ကျောင်းသား/ ကျောင်းသူများကမိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာမေးခွန်းများကိုပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်များပြသခဲ့ရာ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူလေးများကကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

လှလှထွေး(ပြန်/ဆက်)