မင်္ဂလာတောင်ညွန့် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (BookClub)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် “လူငယ်တွေကိုယုံပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် အချင်းချင်းစာပေကိစ္စများ ဆွေးနွေးခြင်းဖြင့် ရင်းနှီးမှုရရှိစေခြင်း၊ စာပေ၏အနှစ်သာရကိုလည်း ပိုမိုသိရှိနားလည်လာခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြား ဆွေးနွေးပါသည်။ ထို့နောက် စာပေဝါသနာရှင် စာရေးဆရာမ မေ(ရန်ကုန်)က စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် ''လူငယ်တွေကိုယုံပါ'' စာအုပ်မှလူငယ်နှင့် ပညာသည်စိတ်၊ လူငယ်တွေကိုယုံပါခေါင်းစဉ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် မသိင်္ဂီက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)