သာစည် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆို ဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီကအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းကဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-11 မှ မဇင်ဇင်မြင့်ဇော်က လူငယ်နှင့်ဂါရဝ၊Grade-10 မှ မဆုနှင်းထက်က လူငယ်နှင့်ကျန်းမာရေး၊ GRADE-9 မှ မအိမ့်ကြာဖြူက လူငယ်နှင့်စာရိတ္တ၊ Grade-8 မှမောင်ကောင်းမြတ်လင်းက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-7 မှ မမေမြတ်ငြိမ်းက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်များဖြင့် ဆွေးနွေးသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက အဆိုပါ ခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူးဦးလှထွန်းက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီးကျောင်းသား၊ ကျောင်းသူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့်ဓာတ်ပုံများ၊ သုတရသစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့စိမ်းနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)