မတူပီမြို့ အဝင်/အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များနှင့် Quarantine Center များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မတူပီ     နိုဝင်ဘာ    ၂၀

ချင်းပြည်နယ် မတူပီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား မင်းတပ်၊ ဟားခါး၊ပလက်ဝ သွားလမ်းတို့တွင် ဖွင့်လှစ်ထားရှိဆောင်ရွက်နေမှုအပေါ် ယမန်နေ့လယ် ၁ နာရီ ခွဲအချိန်က မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသစ်လွင်သိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ဝင်း၊ မြို့နယ်မီးသတ် ဦးစီး မှူးဦးကွီလိုင်းနှင့် မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင် တို့သည်ကွင်းဆင်းကြည့်ရှု့ခြင်း များ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့ဆောင်ရွက် လျက်ရှိသော ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်း တာခြင်း ၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းယူခြင်း၊ အပြင်ထွက်တိုင်း mask တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာ ပေးခြင်းများ ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ၊ အခက်အခဲများ ရှိပါကပြောကြားကြရန်နှင့် တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီးနောက် မတူပီမြို့တွင် ထားရှိသော Quarantine Center များ သို့ လှည့်လည်ကြည်ရှုခဲ့ပြီး လိုအပ်သည်များ ဆက်လက် လမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)