မိုင်းဖြတ် သြဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို အ-ထ-က (မိုင်းဖြတ်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်နန်းကောင်ခမ်းနှင့် ဝန်ထမ်းများက အ-ထ-က (မိုင်းဖြတ်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာပေ (၁၅၀) အုပ်ကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းသည် စာဖတ်ပရိသတ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သော်လည်း စာပေများကိုအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကိုပါ လေ့လာဖတ်ရှုစေရေးအတွက်ရည်ရွယ်ပြီး ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)